ပထမဆုံး ဒီဘလော့လေး အသက်ဝင်လာဖို့ အစပျိုးကူညီခဲ့တဲ့ သူငယ်ချင်းကို အထူး
ကျေးဇူးတင်ပါတယ် ၊ ကျွန်တော်တို့ ဘလော့ကို ၀င်ေ၇ာက်ကြည့်၇ှု့ တဲ့ သူငယ်ချင်းအားလုံး
ကိုလည်း အမြဲတမ်းကြိုဆိုပါတယ် ၊ ကျွန်တော်တို့ ဘလော့က အခုမှစလို့ ပြည့်စုံခြင်း မ၇ှိသေး
ပါဘူး ၊ နောင်များမှာ ပြီးပြည့်စုံတဲ့ ဘလော့တစ်ခုအဖြင့်နဲ့ ကျွန်တော်တို့ နှစ်ယောက်၇ဲ့ ၇င်ခုန်
သံတွေ(သို့ )တစ်စုံတစ်ယောက်၇ဲ့ ခံစားချက်တွေကို တတ်စွမ်းသလောက် ဒီဘလော့ကတဆင့်
ေ၇းသားသွားပါမယ် ။
''မိုးသား ''
ကျွန်တော်က မိုးသား ပါ ၊ ကောင်းကင်ပေါ်က သဘာဝစွမ်းအားတွေနဲ့ 
အားလုံးကို အေးမြစေသူ . . ပေါ့ :) . . .
တကယ်ပြောတာပါ ၊ ကျွန်တော်တို့က သူများရေးတာတွေပဲ လိုက်ဖတ်နေတာ ကိုယ်တိုင်
ရေးဖို့တော့ သိပ်မစွမ်းဘူးလေ (အရမ်းလဲအထင်မကြီးနဲ့အုံးနော် :) ) ဒါပေမယ့် သူငယ်ချင်း
တယောက်ရဲ့ ပံ့ပိုးကူညီမှုကြောင့် blog တခုကိုပိုင်ဆိုင်ခွင့် ရပြီလေ ၊ ရတော့လဲဘယ်ကစပြီး
ဘယ်လိုလုပ်ရမလဲဆိုတာကို သူ့ကိုပဲအပူကပ်ပြီးမေးရတော့တာပေါ့ ၊ သူကတော့ ထင်မှာပဲ
( အင်း...ငါစပေးလိုက်တာ မှားပြီလို့ ...) :) ဒါပေမဲ့ ကျွန်တော်တို့ ကိုယ်တိုင်ကလည်းခံယူထား
ပါတယ် ၊ မသိရင်မေးမယ်လို့ .. ဟုတ်တယ်မှတ်လား ဒါရှက်စရာမဟုတ်ဘူးလို့ ကျွန်တော်
ထင်ပါတယ်.. ကျွန်တော်တိုနှစ်ယောက်က တစိတ်ထဲပါပဲ.. ဘာပဲလုပ်လုပ် တိုင်ပင်တယ် ၊ အဲ
မတူတာတခုတော့ရှိတယ် ၊ သူကဘောလုံးပွဲကြည့်တာ ၀ါသနာပါတယ် ၊ ဘောလုံးတော့
မကန်ဘူး ၊ ကျွန်တော်ကတော့မကြည့်ဘူး တော်တော်လေးကန်တယ် ..
ဝါသနာတော့ဘယ်တူပါ့မလဲ.ရေးတာဖတ်တာတော့တူတယ် ၊(စိတ်ဝင်စားတာပေါ့)
ဝါသနာတော့မဟုတ်ဘူး .. သူများတွေရေးတာတော့ တော်တော်များများဖတ်ဘူးပါတယ် ၊
အရေးအသားလဲကောင်းကြပါတယ် . ချီးကြူးပါတယ် ၊ ကိုယ်လဲရေးတတ်ချင်တယ်
ဒါပေမယ့်သိပ်တော့မရေးတတ်ဘူးဗျ ၊ အများကြီး လေ့လာရအုံးမယ် ၊ တကယ်လို့
ကျွန်တော်တို့ရေးထားတာ လွဲနေတယ်ဆိုရင်လဲ ဝေဖန်ပါ အကြံပေးပါ. စတင်ရင်း နဲ့ ပဲ
မိတ်ဆက်လိုက် ပါတယ်.. နောက်လည်း တွေ့တာပေါ့.. ရောက်လာတဲ့အတွက်လည်း
ကျေးဇူးတင်ပါတယ် ၊ လောလောဆယ်တော့ ကြွေးစရာ မရှိသေးဘူး ၊
နောက်တော့တဖြည်းဖြည်းပေါ့.. :)
'' တိမ်တိုက် ''
မိုးသားနဲ့ အတူ လေယူ၇ာယိမ်းပြီး အဆုံးအစမ၇ှိ ဘ၀ထဲမှာေ၇ွ့ လျားနေတဲ့တိမ်တိုက်က
ကျွန်တော် ဗျ :) . . .
ကျွန်တော် သူများတွေေ၇းတဲ့ စာတွေကို တစိုက်မတ်မတ် ဖတ်လာတာ ကြာပါပြီ ၊ ကျွန်တော့်
ကိုယ်ပိုင်အချိန်တွေမှာ စာဖတ်၇င်း ဘောလုံးပွဲကြည့်၇င်း အချိန်ဖြုန်းခဲ့တယ် ၊ တချို့ စာတွေ
ဆို၇င် အ၇မ်းသဘောကျတယ် ၊ ကိုယ်နဲ့ တိုက်ဆိုင်မှုတွေ၇ှိတဲ့ စာတွေဆိုလည်း သိမ်းထား
တတ်တယ် ၊ ဒါပေမယ့် ကိုယ်တိုင်တော့ ကောင်းကောင်းမေ၇းတတ်ဘူးဗျ ၊ သူငယ်ချင်း
ကလည်းေ၇းဖို့ တိုက်တွန်းတယ် ၊ ဒီလိုနဲ့ ကျွန်တော်စာေ၇းဖို့ေ၇ာဂါပိုး ၇ခဲ့တယ်
ဆိုပါတော့ ၊ မိုးသား ပြောခဲ့သလိုပဲ ကျွန်တော်တို့ ရေးထားတာ လွဲနေ၇င် ဝေဖန်ပါ
အကြံပေးပါ. မှားနေ၇င်လည်း ပြင်ပေးပါလို့  . . . စတင်ရင်း နဲ့ ပဲ မိတ်ဆက်လိုက် ပါတယ်..
နောက်လည်း တွေ့တာပေါ့.. ရောက်လာတဲ့အတွက် ကျေးဇူးတင်ပါတယ် ၊ လောလောဆယ်
တော့ ဧည့်ဝတ်မကျေသေးဘူး ၊ နောက်တော့တဖြည်းဖြည်းပေါ့.. :)
'' မိုးသားနဲ့ တိမ်တိုက်က ကာ၇န်မတူပေမယ့် ကောင်းကင်ပေါ်မှာ ရှိနေချင်းတော့ တူတယ်ဗျ ၊
စိတ်ဓာတ် ခံစားချက် နှင့် ဘ၀ပေး ကုသိုလ်ကံကလည်း တထပ်ထဲ၇ှိလေတော့ ဒီဘလော့
လေးကို အသက်သွင်းဘို့ နှစ်ယောက်တစ်အိပ်မက် ဖြစ်ခဲ့တယ်လေ . . .
မိုးသားတိမ်တိုက်ဘလော့လေး တည့်တံ့ခိုင်မြဲအောင် ဆက်လက်ကြိုးစား၇င်း . . . .
(မိုးသား နဲ့ တိမ်တိုက်)
0 comments:
Post a Comment